ဝမ်ယိသည် တရုတ်-ရုရှား ဆက်ဆံမှု၏ "အစဉ်တစိုက် ငါးခု"ကို ပြောကြား

(GMT+08:00)2024-04-09 15:39:34  

 ဧပြီလ ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘေကျင်းမြို့၌ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

   ဝမ်ယိက ယခုနှစ်သည် တရုတ်-ရုရှား သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အချင်းချင်း ဦးစားပေး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် အဖြစ်ထားပြီး ရေရှည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို စွဲကိုင်ကာ နှစ်ဖက်အကြား ဆက်ဆံမှုကို ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ဖြစ်သည့် သမိုင်းဝင် အဆင့်မြင့်ဆုံးသို့ မြှင့်တင်၍ နိုင်ငံကြီးအကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို  စံနမူနာ ထူပြလိုက်ကြောင်း ပြောကြားပါသည်။

  ဝမ်ယိက တရုတ်-ရုရှား ဆက်ဆံမှု တစ်ဆင့်တိုး ခိုင်ခံ့တိုးတက်စေရန် အတွက် မိမိတို့သည် "အစဉ်တစိုက် ငါးခု"ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ၎င်း"အစဉ်တစိုက် ငါးခု"မှာ နှစ်ဖက်တို့သည် ထိပ်သီးခေါင်းဆောင်များ သံတမန် ဆက်ဆံရေး၏ မဟာဗျူဟာမြောက် ဦးဆောင်ခြင်းကို အစဉ်တစိုက် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် "ဘက်မလိုက်၊ ထိပ်တိုက်ရင်ဆိုင်မှု မပြု၊ တတိယဘက်အား ရည်ညွှန်းခြင်း မပြု" ဖြစ်သည့်မူကို အစဉ်တစိုက် စွဲကိုင်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အရေးကြီးသည့် အမှား အမှန် ရေးရာများတွင် တရားမျှတမှုကို အစဉ်တစိုက် စွဲကိုင်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်မှုတွင် အတူအကျိုးဖြစ်ထွန်းမှုကို အစဉ်တစိုက် စွဲကိုင်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တန်းတူညီမျှပြီး စနစ်တကျ ဖြစ်သည့် နိုင်ငံတကာ multipolarization ကို အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။