ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာဒေသတွင် လူ ပေါင်း ၃၃၂၀၇ ဦး သေဆုံး

(GMT+08:00)2024-04-09 15:27:54  

ဒေသစံတော်ချိန် ဧပြီလ ၈ ရက်နေ့က ဂါဇာဒေသ ကျန်းမာရေးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် လူ ၃၂ ဦး သေဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားခဲ့ သည့်နောက်ပိုင်း ဂါဇာဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်းသား ၃၃၂၀၇ ဦး သေဆုံးကာ ၇၅၉၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရှိရ သည်။