တရုတ်တောင်ပိုင်းစစ်နယ်သည် ရေတပ်နှင့်လေတပ်ကို စုစည်းပြီး တောင်ပင်လယ်ရပ်ဝန်း၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-04-09 15:25:47  

တရုတ်တောင်ပိုင်းစစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ လေတပ်အထက်တန်းဗိုလ်မှူးကြီး Tian Junli က ဧပြီလ ၇ရက်နေ့မှ ၈ရက်နေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်သည် ရေတပ်နှင့်လေတပ်ကို စုစည်းပြီး တောင်ပင်လယ်ရပ်ဝန်း၌ တိုက်လေယာဉ်ကင်းလှည့်ရေး၊ ရေတပ်နှင့်လေတပ် ပူးပေါင်း ထိုးစစ်ဆင်ရေး၊ သင်္ဘောစု ကင်းလှည့်လေ့ကျင့်ရေး အပါအဝင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းစစ်နယ်၏တပ်ဖွဲ့သည် လေ့ကျင့်မှုများကိုဆက်တိုက်အားဖြည့်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာလုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်၍ တောင်ပင်လယ်ဒေသငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။