၂၀၂၄ ခုနှစ် အတွင်း ဘရာဇီး၌ သွေးလွန်တုပ်ကွေးကြောင့် လူ ၁၁၁၆ ဦး သေဆုံး

(GMT+08:00)2024-04-09 15:29:13  

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့က ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာန Arbovirus ကြီးကြပ်ရေးအဖွဲ့မှ နောက်ဆုံးရအချက်အလက်များအရ၊ ၂၀၂၄ခုနှစ်အတွင်း ဘရာဇီးနိုင်ငံ၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေသည် ၁၁၁၆ ဦးအထိတိုးလာပြီး အခြား၁၈၀၇ ဦးကို စစ်ဆေးအတည်ပြုလျက်ရှိသည်ဟု သိရပါသည်။

    ဘရာဇီးပြည်နယ် ဆယ်ခုနှင့် Federal District တို့သည် သွေးလွန်တုပ်ကွေး ရောဂါဆိုင် ရာ ကျန်းမာရေး အရေးပေါ်အခြေအနေသို့ ကျရောက်နေ ပြီဟု သိရှိရသည်။