“အသိုင်းအဝိုင်းငယ်”နှင့် ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် ဆန့်ကျင်ဟု တရုတ်ဆို

(GMT+08:00)2024-04-09 15:24:14  

ဧပြီလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ယခုသီတင်းပတ်အတွင်း ဂျပန်နှင့် ဖိလစ်ပိုင် ခေါင်းဆောင်တို့က အမေရိကန်နှင့် ၃ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကိုကျင်းပပြီး ကာကွယ်ရေးဆက်ဆံမှုကို ပိုခိုင်မာစေ ရန် စီစဉ် ထားခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က မည်သည့်နိုင်ငံမဆို ပြုလုပ်သည့် ပူးပေါင်းဆောင်ရွက်မှု မှန်သမျှသည် ဒေသတွင်း အေးချမ်း တည်ငြိမ် ရေး အတွက် အကျိုးပြု သင့်ကြောင်း၊  “အသိုင်းအဝိုင်းငယ်” နှင့် ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။