၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဂျပန်၌ ဒေဝါလီခံရသော လုပ်ငန်းကုမ္ပဏီ အရေအတွက်မှာ ၈၈၀၀ကျော် ရှိ

(GMT+08:00)2024-04-09 15:26:38  

ဂျပန် ခရက်ဒစ်စစ်ဆေးရေးအေဂျင်စီဖြစ်သည့် Teikoku DataBank မှ ဧပြီလ ၈ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ဘဏ္ဍာရေးနှစ်တွင် (၂၀၂၃ခုနှစ် ဧပြီလမှ ၂၀၂၄ခုနှစ် မတ်လအထိ) ဂျပန်နိုင်ငံ၌ ဒေဝါလီခံရသော လုပ်ငန်းကုမ္ပဏီ အရေအတွက်မှာ ၈၈၈၁ ခု ရှိပြီး ၂၀၂၂ဘဏ္ဍာရေးနှစ်ကထက် ၃၀.၆ရာခိုင်နှုန်း တိုးများလာကာ  လွန်ခဲ့သည့် နှစ် ၃၀ အတွင်းတွင် အမြင့်ဆုံး ဖြစ်ကြောင်း ဂျပန် အဆာဟိရှင်ဘွန်း သတင်းစာတွင် ဧပြီလ ၈ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ လူအား မလုံလောက်ခြင်း နှင့် ကုန်ဈေးနှုန်း မြင့်တက်လာခြင်းစသည်တို့သည် လုပ်ငန်းကုမ္ပဏီများ လည်ပတ်ရာတွင် ဖိအားများနှင့် ရင်ဆိုင်နေရသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်ဟု သတင်းအရ သိရပါသည်။