Zaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံသည် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု ခံခဲ့ရကြောင်း IAEA အတည်ပြု

(GMT+08:00)2024-04-08 15:58:19  

ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့က နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA )က ကြေညာချက် ထုတ်ပြန်ခဲ့ရာ Zaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံသည် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအမှတ် ၆ ကို  ထိခိုက်ပျက်စီးပြီး လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သို့သော် နျူကလီးယား ဓာတ်အားပေး စက်ရုံ၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။

IAEAမှ ဒါရိုက်တာချုပ် Grossi က စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူများသည် နျူကလီးယား အဆောက်အဦများ ကာကွယ်ရေး အခြေခံမူများ ချိုးဖောက်သည့် လုပ်ရပ် မှန်သမျှကို မပြုလုပ်သင့်ကြောင်း ထိုနေ့က လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။