တရုတ် မြို့ပြလေကြောင်း ဦးစီးဌာနသည် ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင်လေယာဉ် ထုတ်လုပ်မှု လိုင်စင်ကို ထုတ်ပေး

(GMT+08:00)2024-04-08 15:59:09  

ဧပြီလ ၇ ရက်နေ့က တရုတ် မြို့ပြလေကြောင်း ဦးစီးဌာနသည် ကွမ်ကျိုး မြို့တွင် ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင်လေယာဉ် ထုတ်လုပ်မှု လိုင်စင်ကို တရားဝင် ထုတ်ပေးခဲ့ပါသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ eVTOL (ဒေါင်လိုက် ဆင်းတက်နိုင်သော လျှပ်စစ်လေယာဉ်) လုပ်ငန်းတွင် ပထမဆုံး ထုတ်လုပ်မှု လိုင်စင်လည်း ဖြစ်သည်။ EHang ကုမ္ပဏီမှ စမတ် လေယာဉ် EH216-S ပထမဆုံး ထုတ်လုပ်မှု လိုင်စင် ရရှိခဲ့ခြင်းသည် ယင်းလေယာဉ် အတိုင်းအတာ ထုတ်လုပ်မှု အဆင့်သို့ ဦးဆောင် ရောက်ရှိလာသည့်အပြင် စီးပွားဖြစ် လည်ပတ်မှု အဆင့်အတွက် အရေးကြီးတဲ့ အာမခံချက်လည်း ဖြစ်ကြောင်း  သိရှိရ သည်။