တူရကီနိုင်ငံတွင် ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှု ၆၅၁မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးကာ ၁၀၄၇ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-08 11:15:44  

ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့က  ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှု ၆၅၁ မှု ဖြစ်ပွားခဲ့ပြီး လူ ၉ ဦး သေဆုံးကာ ၁၀၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး အာလီ ယယ်လ်လီ ကာယာ က ဧပြီလ ၇ ရက်နေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့မှစ၍ တူရကီနိုင်ငံသည် ၉ ရက်ကြာ ဥပုသ်ကာလ အားလပ်ရက်ကို စတင်ခဲ့ပြီး အားလပ်ရက် ပထမနေ့တွင် နေရာအနှံ့အပြား၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားကာ ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သိရှိရ သည်။