အမေရိကန် အနောက်တောင်ပိုင်းလေကြောင်းကုမ္ပဏီ၏ Boeing လေယာဉ်တစ်စင်း ပျံတက်ချိန်မှာ အင်ဂျင်အဖုံးပြုတ်ကျ

(GMT+08:00)2024-04-08 15:57:05  

ဒေသစံတော်ချိန် ယခုလ ၇ရက်နေ့က အမေရိကန် အနောက်တောင်ပိုင်းလေကြောင်းကုမ္ပဏီမှ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကနေ တက္ကဆက်ပြည်နယ် ဟူစတန်မြို့သို့ ပျံသန်းသော Boeing 737-800 သည်  ပျံတက်ချိန်တွင် အင်ဂျင်အဖုံးပြုတ်ကျခဲ့ကြောင်း သတင်းအရ သိရပါသည်။

လေယာဉ်မှူး၏ အစီရင်ခံစာအရ လုံခြုံရေးကြောင့် လေယာဉ်ကို ကော်လိုရာဒိုပြည်နယ် ဒန်ဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချက်ချင်းပြန်ပြီး လုံခြုံစွာဆင်းသက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။