တရုတ်ထုတ် ရေခဲခွဲသင်္ဘော“နှင်းနဂါး အမှတ်၂”သည် ဟောင်ကောင်သို့ ရောက်ရှိ

(GMT+08:00)2024-04-08 15:53:25  

ဧပြီလ ၈ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံ အကြိမ် ၄၀ မြောက် တောင်ဝင်ရိုးစွန်း စူးစမ်းလေ့လာရေး တာဝန်ဆောင်ရွက်သည့် တရုတ်နိုင်ငံ ကိုယ်ပိုင်ထုတ်လုပ်သော ပထမဦးဆုံး ဝင်ရိုးစွန်း သိပ္ပံပညာ စူးစမ်းလေ့လာရေး ရေခဲခွဲသင်္ဘော“နှင်းနဂါး အမှတ်၂”သည် ဟောင်ကောင်သို့ ရောက်ရှိပြီး ၅ရက်ကြာ ခရီးစဉ်စတင်မည်ဖြစ်ကြောင်း၊ ယင်းသည် “နှင်းနဂါး အမှတ်၂”၏ ပထမဆုံးအကြိမ် ဟောင်ကောင် ခရီးစဉ် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 ခရီးစဉ်အတွင်း တံခါးဖွင့် လေ့လာကြည့်ရှုခြင်းနေ့၊ သိပ္ပံပညာ ကူးလူးဖလှယ်ခြင်း၊ သိပ္ပံဆိုင်ရာ ဟောပြောပွဲစသော တိုင်းချစ်ပြည်ချစ် အသိပညာပေးခြင်းနှင့် သိပ္ပံနည်းပညာ နှီးနှောဖလှယ်ခြင်း လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရပါသည်။