လီချန်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Yellen နှင့် တွေ့ဆုံ

(GMT+08:00)2024-04-08 16:06:39  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Yellen နှင့် တွေ့ဆုံခဲ့သည်။

လီချန်က ကမ္ဘာ့အကြီးဆုံးစီးပွားရေးအုပ်စုဖြစ်သည့် တရုတ်နှင့်အမေရိကန်တို့သည် စီးပွားရေး အကျိုး စီးပွားများ နက်နက်ရှိုင်းရှိုင်း ရောယှက်လျက် ရှိပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းသည် နှစ်ဖက်စလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

Yellen က နှစ်ဘက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေးသည် ပိုမို တည်ငြိမ်လာကြောင်း၊ အမေရိကန်သည် အမေရိကန်-တရုတ် စီးပွားရေးဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင် ရွက်မှုတွင် ရရှိသောတိုးတက်မှုများကို ချီးကျူးပြီး တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှု ပြတ် တောက်ခြင်း ကို မရှာကြံကြောင်း၊ ဆန်ဖရန်စစ္စကိုတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူ ညီချက်ကို အကောင်အထည်ဖော်ရန်၊ ပွင့်ပွင့်လင်းလင်း ကူးလူးဆက်ဆံပြီး အထင်လွဲမှုများ ရှောင်ရှားရန်၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ကွဲပြားမှုများကို သင့်လျော်စွာထိန်းချုပ်ရန်၊ အရေးပေါ် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးတွဲ ရင်ဆိုင်ဖြေရှင်းပြီး အမေရိကန်-တရုတ်ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အတွက် တရုတ်နိုင်ငံနှင့် လက်တွဲ ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ ပါသည်။