အာရပ်စော်ဘွားများနိုင်ငံသည် အထူး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ် ၂၁ ကြိမ်မြောက် အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်မည်

(GMT+08:00)2024-04-08 11:16:37  

အာရပ်စော်ဘွားများနိုင်ငံသည် အထူး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ် ၂၁ ကြိမ်မြောက် အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း တရုတ်-အာဆီယံအတွင်းရေးမှူးရုံးမှ ၇ ရက်နေ့က သတင်းအရသိရပါသည်။ ယင်းသည် ပင်လယ်ကွေ့နိုင်ငံများ၏ ပထမဆုံးအကြိမ် အထူးပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်အဖြစ်  အာဆီယံကုန်စည်ပြပွဲတွင်  ပါဝင်ခြင်းဖြစ်ပြီး အာဆီယံ ကုန်စည် ပြပွဲ၏ “မိတ်ဆွေများ အသိုင်းအဝိုင်း” ကျယ်ပြန့်လာသည်။

   ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် ၂၁  ကြိမ်မြောက် အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်ရန် အာရပ်စော်ဘွားများနိုင်ငံသည် ဒု ဝန်ကြီးအဆင့် အရာရှိများဦးဆောင်ထားသော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ပြီး ယခု အကြိမ် ကုန်စည်ပြပွဲတွင် အမျိုးသားပြခန်းကို ထားရှိမည်ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။