အာရှ၏ ပထမဆုံးသော "ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစက်ရုံ" သည် ချင်းတောင်မြို့ တွင် စမ်းသပ်မှု ပြုလုပ်ခဲ့

(GMT+08:00)2024-04-08 16:05:57  

ဧပြီလ ၇ ရက်နေ့က  တရုတ်နိုင်ငံမှ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသော ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးစက်ရုံ FPSO ကို ချင်းတောင်မြို့တွင် စမ်းသပ်မှု ပြုလုပ်ခဲ့ သည်။ FPSO ၏ ပင်မ ကိုယ်ထည်သည် အကြီးဆုံး အချင်း ၉၀ မီတာခန့်ရှိပြီး စုစုပေါင်းအလေးချိန် တန်ချိန် ၃၆၀၀၀ ခန့်ရှိသည်။ အများဆုံး ရေနံဆီသိုလှောင်မှု ပမာဏမှာ တန်ချိန် ၆၀၀၀၀ ဖြစ်သည်။ ခန့်မှန်းသက်တမ်းမှာ နှစ်၃၀ ဖြစ်ပြီး ပင်လယ်ပြင်တွင် ၁၅ နှစ်ကြာ ဆက်တိုက် လည်ပတ်နိုင် ကြောင်း သတင်းအရ သိရှိရသည်။