ရှီကျင့်ဖိန်သည် ပြင်သစ် Merieux ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Merieux နှင့် ဇနီးတို့နှင့် တွေ့ဆုံ

(GMT+08:00)2024-04-08 14:38:48  

   

 ဧပြီလ ၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ပြင်သစ် Merieux ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Merieux နှင့် ဇနီးတို့ အား တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က Merieux နှင့် ဇနီး၊ Merieux ရန်ပုံငွေအဖွဲ့တို့ သည် ကြာရှည်သည့်ကာလအတွင်း တရုတ်နှင့် ပြင်သစ် ဆက်ဆံမှု တိုးတက်ရေးနှင့် တရုတ် နိုင်ငံ၏ ကျန်းမာရေးလုပ်ငန်းအတွက် အားပေးမှုများကို ချီးကျူးပါကြောင် ပြောကြား ပါသည်။

   ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်နှင့် ပြင်သစ် ချစ်ကြည်ရေးကို တန်းဖိုးထားပြီး ပြင်သစ်နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးပြီး ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်ကဏ္ဍသစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Merieux က နှစ်ပေါင်းများစွာအတွင်း မိမိသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်လျှောက်လုံး အာရုံစိုက်ပြီး အားကျမိပါကြောင်း၊ Merieux ရန်ပုံငွေအဖွဲ့သည် ပြင်သစ်-တရုတ် ချစ်ကြည်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။