ဖိလစ်ပိုင်သည် "Trojan horse" ထဲတွင် ထည့်သွင်းခံရ မှာကို သတိထားသင့်ပြီ

(GMT+08:00)2024-04-08 11:18:10  

 ဧပြီလ ၇ ရက်နေ့မှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့က ဖိလစ်ပိုင်နဲ့ ပူးပေါင်းပြီး တောင်ပင်လယ်မှာ ပထမဆုံးအကြိမ် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တယ်။ ဖိလစ်ပိုင် မီဒီယာများက လေးနိုင်ငံတို့ ပူးတွဲပြီး စစ်ရေးအင်အားကို ပြသတဲ့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံအား ဟန့်တားဖို့ပဲ ဖြစ်တယ်လို့ တိုက်ရိုက် ထောက်ပြခဲ့တယ်။ ပြင်ပမှ အင်အားများကို တောင်ပင်လယ်ရေးရာမှာ ဝင်ရောက် စွက်ဖက်လာဖို့ ဆွဲဆောင်ပြီး တောင်ပင်လယ်ရေးရာကို နိုင်ငံတကာရေးရာ ဖြစ်အောင် လုပ်ချင်တဲ့ ဖိလစ်ပိုင်ရဲ့ ရည်ရွယ်ချက်ဟာ အလွန် သိသာထင်ရှားတယ်။ အဲဒီ ပြင်ပမှ နိုင်ငံများဟာ ဖိလစ်ပိုင်အား ထောက်ပံ့မှုပေးခြင်း၊ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်း၊ ပူးတွဲ ကင်းလှည့်ခြင်းတို့နဲ့ ဖိလစ်ပိုင်ကို ထိန်းချုပ်နေပြီး ဖိလစ်ပိုင်ရဲ့ တောင်ပင်လယ်ရေးရာ ဆိုင်ရာ မူဝါဒတွေဟာ လည်း အမေရိကန်ရဲ့ တရုတ်ပြည်အား ဖိနှိပ်တဲ့ ဗိုလ်ကျစိုးမိုးရေး ကိရိယာ တစ်ခု ဖြစ်လာနေတယ်။

   ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Imee Marcos က ဒီကိစ္စအပေါ် ခေါင်းအေးအေးထား ဆုံးဖြတ် နေသူတစ်ဦး ဖြစ်ပါတယ်။ သူမက ဖိလစ်ပိုင် အစိုးရက အနောက်နိုင်ငံများရဲ့ ကာကွယ်ရေးနဲ့ ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ "အလှူငွေများ" လက်ခံ ခြင်းဟာ နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုများ ပါဝင်ထားတဲ့ "Trojan horse"ကို ကြိုဆို တာနဲ့ တူညီကြောင်း၊ အဲဒါဟာ ကြာရှည်တဲ့ အငြင်းပွားမှုများ ဖြစ်စေနိုင်မှာ ဖြစ် ကြောင်း၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေးရာ အငြင်းပွားမှုမှာ ဆင်ခြင်ဉာဏ် မဟုတ်ဘဲ ဆင်ခြင်ဉာဏ်နည်းပါးတဲ့ စိတ်ဓာတ်က အဓိက ဖြစ်လာတာ ဖြစ်ပြီး အဲဒါဟာ ကျွန်မတို့ကို အန္တရာယ်ရှိတဲ့ လမ်းကြောင်းပေါ်သို့ ပို့ဆောင် နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အတွက် သူမက ဖိလစ်ပိုင် အစိုးရ အနေနဲ့ တရုတ်နိုင်ငံနဲ့ တောင်ပင်လယ်ရေးရာမှာ ဒုက္ခ မရှာသင့်ဘဲ အပြန်အလှန် နားလည်မှုကို တိုးမြှင့်သင့်ကြောင်း တိုက်တွန်းထားပါတယ်။ သူမရဲ့ ခံယူချက်ဟာ အာဆီယံနိုင်ငံ အများစုကြီးရဲ့ မူဝါဒ ရပ်တည်ချက်နဲ့ တူညီပါတယ်။

   အာဆီယံနိုင်ငံ အများစုကြီးဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ဖို့ တိုက်တွန်းကြပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေး တစ်ပြေးညီ ဖြစ်ရေးကို တွန်းအားပေးဖို့ တိုက်တွန်းကြပါတယ်။ ဖိလစ်ပိုင်ကတော့ ပြင်ပမှ နိုင်ငံကြီးများရဲ့ သွေးထိုးထောက်ခံမှုနဲ့ ပွန်းတစ်ကောင်အဖြစ် လုပ်ဆောင်ပြီး တောင်ပင်လယ် အခြေအနေ ရှုပ်လာအောင် လုပ်ဆောင်ချင်တယ်။ အဲဒါဟာ ဒေသတွင်း နိုင်ငံအများစုကြီးရဲ့ ဆန္ဒနဲ့ ကျောခိုင်းနေတယ်။ ဖိလစ်ပိုင် အနေနဲ့ "Trojan horse" ထဲတွင် ထည့်သွင်းခံရမှာကို သတိထားသင့်ပြီလို့ China Media Groupမှ  သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။