ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ဗွန်တင်ဟွေ နှင့် တွေ့ဆုံ

(GMT+08:00)2024-04-08 14:39:53  

ဧပြီလ ၈ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမ ဆောင်ကြီး၌ ဗီယက်နမ် နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ဗွန်တင်ဟွေနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

   ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဆန္ဒချင်းတူညီပြီး အေးအတူပူအမျှ ဖြစ်ခြင်းတို့သည် တရုတ်နှင့် ဗီယက်နမ် ဆက်ဆံရေးတွင် အထင်ရှားဆုံးသော ဝိသေသ ဖြစ်ကြောင်း၊ ရဲဘော်နှင့် ညီအစ်ကိုလို ခင်မင်ရင်းနှီးခြင်းသည် နှစ်နိုင်ငံနှင့် နှစ်ပါတီအကြား ချစ်ကြည်ရေး အစဉ်အလာ၏ ထင်ရှားသော ပုံဖော်ခြင်း ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် လက်တွဲ ကြိုးပမ်းပြီး တရုတ်နှင့် ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမို များပြားသော အောင်မြင်မှု ရလဒ်များ ရရှိစေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

   ဗွန်တင်ဟွေက ရဲဘော်နှင့် ညီအစ်ကို အဖြစ်ဖြင့် ဗီယက်နမ် ပါတီနှင့် အစိုးရတို့သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်မားစွာ တန်ဖိုးထား ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံသည် လျာထားသည့်အတိုင်း အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်လာအောင် ဘက်စုံတည်ဆောက်မည် ဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနှင့် တိုးတက်ရေးအတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့ပါသည်။