ဂါဇာဒေသ လူသားချင်း စာနာထောက်ထားမှု အခြေအနေကို အလေးထားရန် ကုလသမဂ္ဂ ဌာနများစွာတို့ ပန်ကြား

(GMT+08:00)2024-04-07 15:54:35  

ပါလက်စတိုင်းနှင့် အစ္စရေး ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ၆ လ ပြည့် မတိုင်မီ ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ အမှုဆောင် ဥက္ကဋ္ဌ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်တို့သည် ဆိုရှယ်မီဒီယာတွင် ဆောင်းပါး ထုတ်ပြန်ကာ ဂါဇာဒေသ လူသားချင်း စာနာထောက်ထားမှု အခြေအနေကို အလေးထားရန် ပန်ကြားပြီး အမြန်ဆုံး အပစ်အခတ် ရပ်စဲရန်လည်း တောင်းဆိုခဲ့ကြပါသည်။

   ဂါဇာဒေသ တောင်ဘက်အကျဆုံး ရာဖာ၌ ပါလက်စတိုင်းလူမျိုးပေါင်း တစ်သန်းကျော် ရှိသည်။ သက်ဆိုင်ရာ အချက်အလက်များအရ လက်ရှိအချိန်တွင် ရာဖာဒေသ၌ ပျမ်းမျှ အားဖြင့် လူဦးရေ ၈၅၀ လျှင် အိမ်သာ တစ်ခုသာ ရှိပြီး လူဦးရေ ၃၆၀၀ လျှင် ရေချိုးခန်း တစ်ခုသာ ရှိသည်။ ဂါဇာ၌ နေသူများက ပဋိပက္ခများတွင် ယင်းကဲ့သို့သော သေဆုံးသည်ထက် ပိုဆိုးသည့် ဘဝကို စက်ဆုပ်ရွံမုန်းနေပြီဟု ဖော်ပြခဲ့ကြသည်။