ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားဦးရေ ၁၁၉ သန်း ရှိပြီး ပြည်တွင်း ခရီးသွားများ အသုံးစရိတ် စုစုပေါင်း တရုတ်ယွမ်ငွေ ၅၃.၉၅ ဘီလီယံ သုံးစွဲခဲ့

(GMT+08:00)2024-04-07 15:59:53  

၂၀၂၄ခုနှစ် ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု ဈေးကွက်သည် လုံခြုံတည်ငြိမ်ပြီး စနစ်တကျရှိသည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု ဝန်ကြီးဌာန ဒေတာစင်တာမှ ခန့်မှန်း တွက်ချက် မှုများ အရ ချင်းမင်ပွဲတော် အားလပ်ရက် ၃ ရက်အတွင်း နိုင်ငံတစ်ဝှမ်းတွင် ပြည်တွင်းခရီးသွား ဦးရေမှာ ၁၁၉ သန်း ရှိပြီး ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၁၁.၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်း ခရီးသွားများ အသုံးစရိတ်မှာ စုစုပေါင်း တရုတ်ယွမ်ငွေ ၅၃.၉၅ ဘီလီယံရှိပြီး ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၁၂.၇ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရ သိရပါသည်။