သုတေသန အသစ် တစ်ရပ်အရ ပင်လယ်ကြမ်းပြင်တွင် ပလတ်စတစ် အမှိုက် တန်ချိန်ပေါင်း ၁၁ သန်း စုပုံနေနိုင်ဖွယ်ရှိ

(GMT+08:00)2024-04-07 15:58:57  

သြစတြေးလျနှင့် ကနေဒါ မှ သုတေသီများသည်  ပင်လယ် ကြမ်း ပြင် တွင် ပလတ်စတစ် ပမာဏနှင့် တည်ရှိရာနေရာများကို တွက်ချက် ခန့်မှန်း ထားသည့် ရလဒ်များအရ လက်ရှိအချိန်၌ ပင်လယ်ကြမ်းပြင်တွင် ပလတ်စတစ် အမှိုက် ပမာဏမှာ တန်ချိန် ၃ သန်းမှ ၁၁ သန်းအထိ ရှိပြီး အဓိကအားဖြင့် ကုန်းမြေနှင့် နီးစပ်သည့် ပင်လယ်ကြမ်းပြင်များတွင် တည်ရှိကြောင်း၊ အဆိုပါ ပလတ်စတစ် အမှိုက်များ ၏ ၄၆ ရာခိုင်နှုန်းသည် ရေအနက် မီတာ ၂၀၀ အောက် ၌ တည်ရှိပြီး ကျန် ၅၄ ရာခိုင်နှုန်းသည် ရေအနက် မီတာ ၂၀၀ မှ မီတာ ၁၁၀၀၀ အကြားတွင်တည်ရှိကြောင်း သိရှိရ သည်။