ဟူပေပြည်နယ် ရှီယန်မြို့တွင် ဘတ်စ်ကားတစ်စီး မင်္ဂလာကားအဖြစ် ပြောင်းလဲခဲ့

(GMT+08:00)2024-04-07 16:02:47  

ဧပြီလ ၆ ရက်နေ့က ဟူပေပြည်နယ် ရှီယန်မြို့တွင် စုံတွဲတစ်တွဲသည် မင်္ဂလာဆောင်ရန် ဘတ်စ်ကားတစ်စီးကို မင်္ဂလာကားအဖြစ်အသုံးပြုခဲ့သည်။ ထို စုံတွဲက ယင်း"မင်္ဂလာကား" သည် ဆွေမျိုးမိတ်ဆွေများအားလုံး တစ်ကားတည်းတွင် အတူတူစုဝေးပြီး ပျော်ရွှင်မှုအခိုက်အတန့်ကို အတူတကွ ခံစားနိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်း"မင်္ဂလာကား" သည် ယနေ့ခေတ်လူငယ်များ၏ တစ်ဦးချင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ကာဗွန်နည်းအသွားအလာ ဖက်ရှင်အသစ်ကို ဦးဆောင်ကာ မင်္ဂလာပွဲများကိုလည်း ထူးထူးခြားခြားဖြစ်စေခဲ့သည်။