ယန်စီမြစ် မြစ်ကျဉ်းသုံးနေရာ ရေ ကာတာ၏ ရေပြင်ညှိဆည်များ စစ်ဆေးမွမ်းမံမှု ပြီးစီး

(GMT+08:00)2024-04-07 16:00:45  

တရုတ်နိုင်ငံ ဆည်မြောင်းနှင့် တာတမံရေးရာ ဝန်ကြီးဌာနမှ သတင်းအရ ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီတွင် ယန်စီမြစ် မြစ်ကျဉ်းသုံးနေရာ ရေ ကာတာ၏ မြောက်ပိုင်း ရေပြင်ညှိဆည်များအား စစ်ဆေးမွမ်းမံမှုများ ပြီးစီးပြီဖြစ်၍ ရေယာဉ်များ သွားလာမှု ပုံမှန် ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း သိရပါသည်။ 

  ယခုအကြိမ် စစ်ဆေးမွမ်းမံမှုသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ၄၅ ရက် ကြာမြင့်ကာ အဓိကအားဖြင့် ယန်စီမြစ် မြစ်ကျဉ်းသုံးနေရာ ရေ ကာတာ၏ ရေပြင်ညှိဆည်များ ထိန်းချုပ်ရေးစနစ် အဆင့်မြှင့်တင်ခြင်း အပါအဝင် စစ်ဆေး မွမ်းမံခြင်းတာဝန် ၃၉ ရပ် ပါဝင်ပါသည်။