Houteng Reef သို့ ဖိလစ်ပိုင် ဝင်ရောက်မှုနှင့်ပတ်သက်၍ တရုတ်ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား

(GMT+08:00)2024-04-07 16:19:54  

တရုတ်ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က ဧပြီလ ၄ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံသည် သင်္ဘောများစွာကို စည်းရုံးပြီး တရုတ်နိုင်ငံ နန်ရှားကျွန်းစုရှိ Houteng Reef အနီး ရေပြင်တွင် တရားမဝင် လည်ပတ်ခဲ့ပြီး တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ဖြေရှင်းကာ ဆောင်ရွက်မှုများသည် စံကိုက်ပြီး ပရော်ဖက်ရှင်နယ်ကျကြောင်း၊ တရုတ်နိုင်ငံသည် Houteng Reef အပါအဝင် နန်ရှားကျွန်းစု နှင့် ကပ်လျက်ရေပြင်များအပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားပြီး ဖိလစ်ပိုင် အစိုးရသင်္ဘောများသည် "ငါးဖမ်းခြင်းကာကွယ်ရေး" ဟူသော အလံကိုကိုင်ဆောင်ပြီး တရားမဝင် ကျူးကျော် ရန်စမှုများ ပြုလုပ်ခဲ့ကာ တောင်ပင်လယ် တည်ငြိမ်မှုကို ဆက်တိုက် ဖျက်ဆီးခဲ့ကြောင်း၊ တရုတ်  ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်တွင် ပုံမှန် ဥပဒေ ကျင့်သုံးရေးကိုဆောင်ရွက်မည်ဖြစ်ပြီး ပိုင်နက်အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့် အရေး များနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။