တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟိုလိဖုန်းသည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Yellen နှင့် တွေ့ဆုံ

(GMT+08:00)2024-04-06 16:03:00  

 ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီတွင် တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟိုလိဖုန်းသည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Yellen နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

 ထိုသို့တွေ့ဆုံရာတွင် ဟိုလိဖုန်းက မိမိတို့ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၏ အဓိက တာဝန်သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် တယ်လီဖုန်း ဆွေးနွေးမှုများတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို အကောင်အထည် ဖော် ဆောင်ရန်၊ တရုတ်-အမေရိကန်နှင့် နိုင်ငံတကာ ငွေရေးကြေးရေးနယ်ပယ်များမှ အရေးကြီး ကိစ္စရပ်များကို နက်ရှိုင်းစွာ ဆွေးနွေးရန်နှင့် တရုတ်-အမေရိကန် စီးပွားရေး ဆက်ဆံမှုတွင် အဓိက အာရုံစိုက်မှု များနှင့် ပတ်သက်ပြီး သင့်လျော်စွာ တုံ့ပြန်မှုများ ပြုလုပ်ရန်တို့ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

  Yellen က ပြီးခဲ့သည့်လများအတွင်း မိမိတို့ ဖွဲ့စည်းတည်ထောင်သည့် တရုတ်-အမေရိကန် စီးပွားရေးနှင့် ငွေရေးကြေးရေး လုပ်ငန်းအဖွဲ့သည် တွေ့ဆုံဆွေးနွေးမှုများကို ဆက်တိုက် ပြုလုပ်ကာ အရေးကြီးပြီး ခက်ခဲသည့် အကြောင်းကိစ္စအချို့တွင် တိုးတက်မှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။