ထိုင်ဝမ် Hualienတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၁၁၃၅ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-06 15:59:23  

ဧပြီလ ၆ ရက်နေ့ ၇ နာရီ ၅၈ မိနစ်အထိ ထိုင်ဝမ် Hualienမြို့ "ငလျင်အပြီး ကယ်ဆယ်ရေး အတွက် အကောင်းဆုံးအချိန်  ၇၂ နာရီ" ကို ကျော်လွန်သွားခဲ့ပြီး လူ ၁၂ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရပါသည်။

 ထိုင်ဝမ် သဘာဝဘေးအန္တရာယ် စင်တာမှ ထုတ်ပြန်သော နောက်ဆုံးရအချက်အလက်များ နှင့် ဒေသခံ မီဒီယာများမှသတင်းအရ Hualien ငလျင်ကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၁၁၃၅ ဦး ဒဏ်ရာ ရရှိကာ  ၆၃၇ ဦး ပိတ်မိနေဆဲ ဖြစ်ကြောင်းသိရပါသည်။