မွန်ပြည်နယ်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရမှုကြောင့် လူ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-06 16:01:41  

မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ဧပြီလ ၅ ရက်နေ့ညတွင် ထုတ်ပြန်သောသတင်းအရ ဧပြီ လ ၄ ရက်နေ့ ညက ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကား လမ်းမကြီးပေါ်တွင် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များမှ တိုက်ခိုက်မှုကို ခံခဲ့ ရကြောင်း၊ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များက ယင်းဘတ်စ်ကားအား မြေမြှုပ်မိုင်းနှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ခရီးသည်တစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူများကို ဆေး ကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်သည့် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်ကို မြန်မာအာဏာပိုင်များ က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါသည်။