ဒိုမီနီကန် ဝန်ကြီးချုပ်သည် တရုတ်ခရီးစဉ်အတွင်း China Media Groupမှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြား

(GMT+08:00)2024-04-06 16:02:25  

မကြာမီက ဒိုမီနီကန် ဝန်ကြီးချုပ် စကေရစ်ထ်သည် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း China Media Groupမှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။

  တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နိုင်ငံသို့ ၁၂ ကြိမ်တိုင်တိုင် ခရီးလှည့်လည်ခဲ့သည့် ဒိုမီနီကန် ဝန်ကြီးချုပ် စကေရစ်ထ်သည် "ထူးချွန်" ဟူသော ဝေါဟာရဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သရုပ်ဖော်ပြခဲ့သည်။ သူသည် တရုတ်နိုင်ငံအား "စစ်မှန်သော မိတ်ဆွေ" ဟု ခေါ်ဝေါ်ပြီး တရုတ်နိုင်ငံ၏ တန်းတူရည်တူ သဘောထား ဆက်ဆံခြင်းကို စွဲစွဲမြဲမြဲ မှတ်ထားသည်ဟု ဆိုခဲ့သည်။ ဖွံ့ဖြိုးဆဲ ကျွန်းငယ်နိုင်ငံ ဖြစ်သည့် ဒိုမီနီကန်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အကျိုးပြု စွမ်းဆောင်မှု များကို စကေရစ်ထ်က ချီးကျူးပြီး ကမ္ဘာ့နိုင်ငံ အသီးသီးအား ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရန် လက်တွေ့ကျ ဆောင်ရွက်ရန် ပန်ကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အဆိုပြုချက်များသည် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ဖွံ့ဖြိုး တိုးတက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးခြင်းကိုလည်း စကေရစ်ထ်က ချီးကျူး ပြောကြားခဲ့ပါသည်။