ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂါဇာ အခြေအနေနှင့်ပတ်သက်ပြီး တံခါးဖွင့် အစည်း အဝေး ကျင်းပကာ လုံခြုံရေးကောင်စီ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ဖော်ဆောင်ရန် တရုတ် တိုက်တွန်း

(GMT+08:00)2024-04-06 15:58:43  

ဒေသစံတော်ချိန် ဧပြီလ ၅ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ ယာယီ တာဝန်ခံDai Bing က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မိန့်ခွန်း ပြောကြား ခဲ့ရာ လုံခြုံရေးကောင်စီ၏ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဂါဇာ ဒေသတွင် လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ပါးစေရန် ဂါဇာ ဒေသ၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် ပါလက် စတိုင်း နိုင်ငံအား ကုလသမဂ္ဂ၏ တရားဝင် အဖွဲ့ဝင် နိုင်ငံဖြစ်ရန် အခိုင်အမာ ထောက်ခံပြီး လုံခြုံရေး ကောင်စီအနေနှင့် ဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ရန် ထောက်ခံကြောင်း ၎င်းက