တရုတ်နှင့် အမေရိကန်တို့သည် ပင်လယ် စစ်ရေးလုံခြုံမှု တိုင်ပင်ဆွေးနွေးရေးစနစ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပ

(GMT+08:00)2024-04-06 16:04:41  


    ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်နှင့် အမေရိကန် တပ်မတော်တို့သည် အမေရိကန် နိုင်ငံ Hawaiiပြည်နယ်တွင် ၂၀၂၄ခုနှစ် တရုတ်-အမေရိကန် ပင်လယ် စစ်ရေးလုံခြုံမှု တိုင်ပင်ဆွေးနွေးရေးစနစ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့သည်။ ယခုအကြိမ် အစည်းအဝေး၏ ရည်မှန်းချက်သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေး ပုံမှန်၊ တည်ငြိမ်၊  ဆိုက်တိုက် တိုးတက်အောင် တွန်းအားပေးရန်ဖြစ်ပါသည်။ နှစ်ဖက်တို့သည် လက်ရှိ တရုတ်-အမေရိကန် ရေကြောင်းနှင့် လေကြောင်း လုံခြုံရေးနှင့်ပတ်သက်၍ ပွင့်လင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံက လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် လေကြောင်းပံျသန်းမှုကို အကြောင်းပြုပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို အန္တရာယ်ပြုသည့် လုပ်ရပ် မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါသည်။