ရှီကျင့်ဖိန် သည် မော်လတာနိုင်ငံသမ္မတသစ် Myriam Spiteri Debono ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-04-05 16:35:27  

ဧပြီလ ၄ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် Myriam Spiteri Debono အား မော်လတာနိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

တရုတ်-မော်လတာနှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် ၅၂နှစ်အတွင်းတွင် နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူညီမျှစွာ ဆက်ဆံခြင်းတို့ကို အစဉ်တစိုက်စွဲကိုင်ထားပြီး တစ်ဦး၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီးသော ကိစ္စရပ်များတွင် တစ်ဦးက ထောက်ခံကာ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေးစသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက် ရေးအောင်မြင်မှုများစွာ ရရှိခဲ့ကြကြောင်း၊ မိမိအနေဖြင့် တရုတ်-မော်လတာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာအလေးထားပြီး အဆွေတော်သမ္မတနှင့် အတူ အစဉ်အလာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး လက်တွေ့ကျပူးပေါင်း ဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေကာ တရုတ်-မော်လတာဆက်ဆံရေး တိုးတက်မှုသစ်များ အဆက်မပြတ် ရရှိ၍ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာ တွင် ဖော်ပြ ထား ပါသည်။