မြောက်ကိုရီးယားသည် တာလတ်ပစ်နှင့် တာဝေးပစ် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

(GMT+08:00)2024-04-05 16:28:59  

KCNA သတင်းဌာန၏ ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့ကသတင်းထုတ်ပြန်ချက်အရ  မြောက်ကိုရီးယားနိုင်ငံသည် Hwasong Cannon-16B တာလတ်နှင့်  တာဝေးပစ် ဒုံးကျည် ၂ စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေး မှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းက အဆိုပါ ဒုံးကျည် ပစ်လွှတ်မှုကို ညွှန်ကြားခဲ့ ကြောင်း သိရှိရ သည်။