ယူနန်ပြည်နယ် Dehong-ရန်ကုန် ကုန်တင်လေယာဉ်သည် ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့

(GMT+08:00)2024-04-05 16:32:01  

ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ က ၃၀၉၄ ကီလိုဂရမ် ရှိသည့် ကုန်ပစ္စည်းများကို တင်ဆောင်ထားသော ကုန်တင်စင်းလုံးငှါးလေယာဉ်တစ်စီးသည် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ယူနန်ပြည်နယ် Dehong ဒေသရှိ Mangshi အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး၊ ကီလိုဂရမ် ၁၅၃၉၀ ရှိ ကုန်ပစ္စည်းများကို ၁ နာရီ  မိနစ် ၂၀ အကြာ တင်ဆောင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။

Dehong-ရန်ကုန် ကုန်တင်လေယာဉ် ပထမဆုံးအကြိမ် အောင်မြင်စွာပျံသန်းနိုင်ခဲ့ခြင်း သည် အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေပြီး ဒေသဆိုင်ရာနိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးရန်အတွက် အခွင့်အလမ်းသစ်များကို ပေးနိုင်ခဲ့ပါသည်။