တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး လုပ်ငန်းအဖွဲ့ ဒုတိယဝန်ကြီးများ အစည်းအဝေး ပထမဆုံး အကြိမ် ကျင်းပ

(GMT+08:00)2024-04-05 16:34:38  

အမေရိကန်၏ ဖိတ်ကြားချက်အရ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုကိုယ်စားလှယ်၊ ဒုတိယဝန်ကြီး ဝန်ရှို့ဝင်က ဧပြီလ ၂ရက်နေ့မှ ၅ရက်နေ့အထိ အမေရိကန်သို့ ရောက်ရှိပြီး အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Marisa Lagoနှင့် တွေ့ဆုံကာ တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး လုပ်ငန်းအဖွဲ့ ဒုတိယဝန်ကြီးများ အစည်းအဝေးကို ပထမဆုံး ကျင်းပခဲ့ကြောင်း၊ ဆန်ဖရန်စစ္စကို ထိပ်သီး အစည်းအဝေးနှင့် ယခုလောလောဆယ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သောသဘောတူညီချက်များ အကောင် အထည် ဖော်ဆောင်ရွက်ရန် ဆွေးနွေးကြကြောင်း၊ နှစ်ဖက်တို့ အာရုံစိုက်သော စီးပွားကုန်သွယ်ရေး ပေါ်လစီနှင့် နှစ်နိုင်ငံ စက်မှုနှင့် စီးပွားကုန်သွယ်ရေးလောကမှ တင်ပြသော စီးပွားကုန်သွယ်ရေး ပြဿနာများအပေါ်  ဆွေးနွေးခဲ့ ကြကြောင်း သတင်းအရ သိရပါသည်။