ထိုင်ဝမ် ဟွာလျန်မြို့တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၁၀၉၉ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-05 16:33:57  

   ဒေသစံတော်ချိန် ဧပြီလ ၄ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အထိ ထိုင်ဝမ် ဟွာလျန်မြို့တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၁၀၉၉ ဦး ဒဏ်ရာရရှိကာ လူ ၇၀၅ ဦး ပိတ်မိနေပြီး လူ ၁၅ ဦးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်ဟု ထိုင်ဝမ် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးစင်တာမှ ၄ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ သိရပါသည်။ ၄ ရက်နေ့ ည ၈ နာရီ ၄ မိနစ် အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု အရေအတွက်မှာ အကြိမ်ရေ ၄၀၀ ရှိပြီဖြစ်ကြောင်း ထိုင်ဝမ် မိုးလေဝသဌာနမှ စာရင်းအရ သိရပါသည်။