ယခုနှစ် ပထမ ၃လပတ်တွင် တရုတ်-လာအို မီးရထားဖြင့် သွင်းကုန်ပို့ကုန်ပမာဏ တန်ချိန် ၁.၃၈သန်းရှိ

(GMT+08:00)2024-04-05 16:30:29  

၂၀၂၄ခုနှစ် ပထမ ၃လပတ်တွင် ကူမင်းအကောက်ခွန်ဌာနမှ ကြီးကြပ်သော  တရုတ်-လာအို မီးရထားဖြင့် သွင်းကုန်ပို့ကုန်ပမာဏ တန်ပေါင်း ၁.၃၈သန်းရှိပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၃၃.၆ ရာခိုင်နှုန်းတိုးများလာ၍ ၃လပတ်၏စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရှိရ သည်။

တရုတ်-လာအို မီးရထားဖြင့် နိုင်ငံဖြတ်ကျော်ပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ပမာဏ အားကောင်းလာနေ၍ နိုင်ငံတကာ ရွှေလမ်းကြောင်းကြီး၏ အခန်းကဏ္ဍသည် တစ်နေ့တခြား ထင်ရှားစွာပေါ်လွင်လာနေကြောင်း၊ တရုတ်-လာအို မီးရထားဖြင့် သယ်ဆောင်သော ကုန်ပစ္စည်းအမျိုးအစားသည် ရထားလမ်းစတင်လည်ပတ်ခဲ့ တုန်းက ၅၈၃ မျိုးရှိရာကနေ ယခုတွင် အမျိုးပေါင်း ၃၀၀၀ခန့်အထိ တိုးလာကြောင်း၊ ပျမ်းမျှ အားဖြင့် နေ့တိုင်း ပြေးဆွဲသော ရထား ကြိမ်ရေသည်  အစဦးပိုင်းက ၂ကြိမ်ကနေ လက်ရှိအချိန်တွင် အကြိမ်ပေါင်း ၂၀အထိ တိုးလာကြောင်း သတင်းအရ သိရှိ ရသည်။