ကန်သည် ဒေါသထွက်နေသော်လည်း အစ္စရေးသို့ လက်နက်ခဲယမ်းများကို ဆက်လက် ထောက်ပံ့

(GMT+08:00)2024-04-05 16:29:51  

ဧပြီလ ၁ရက်နေ့ ညက ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် နိုင်ငံတကာပရဟိတအဖွဲ့မှ အမှုထမ်း ၇ဦး သေဆုံးခဲ့ပါသည်။ လေကြောင်းမှ တိုက် ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အစ္စရေး တပ်ဖွဲ့ ကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးအပါအဝင် ၇ဦးသေဆုံးစေခြင်းအပေါ် ဒေါသထွက်မိ ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ လက်နက် ခဲယမ်း များကို ဆက်လက်ထောက်ပံ့ပေးရန်ကိုတော့  မတားဆီးနိုင်ခဲ့ပေ။

    အစ္စရေးတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပရဟိတအဖွဲ့မှ အမှုထမ်း ၇ဦး သေဆုံးခဲ့ကြသည့် တစ်နေ့တည်းတွင် အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ ထောင်ပေါင်း များစွာရှိသော ဗုံးများ ထပ်မံပေးပို့ရန် အတည်ပြုခဲ့ကြောင်း အမေရိကန်မီဒီယာများက ဧပြီလ ၄ရက်နေ့က ရေးသားဖော်ပြခဲ့ကြပါသည်။