နန်ရှား-ကျွန်းစု၏ အချုပ်အခြာ အာဏာ ဆိုင်ရာ အဖြစ်မှန်ကို အနောက်နိုင်ငံများ၏ သမိုင်းမှတ်တမ်းများတွင် ရှင်းလင်းပြတ်သားစွာ ထည့်သွင်းရေးသားခြင်း ဖြစ်သည်ဟု နိုင်ငံတကာ ဥပဒေ ပညာရှင်ဆို

(GMT+08:00)2024-04-05 16:33:09  

    နာမည်ကျော် နိုင်ငံတကာ ဥပဒေ ပညာရှင်၊ ဘေကျင်း တက္ကသိုလ် လူနေမှုနှင့် ယဉ်ကျေးမှု သိပ္ပံပညာ အကယ်ဒမီ ဂုဏ်ထူးဆောင် visiting ပါမောက္ခ Anthony Cartyသည် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံများ၏ သမိုင်းမှတ်တမ်းများကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါသည်။ CGTNမှ သတင်းထောက် လျူရှင်းမှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ၄င်းက နန်ရှား-ကျွန်းစု၏ အချုပ်အခြာ အာဏာ ဆိုင်ရာ အဖြစ်မှန်ကို  အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် ၃နိုင်ငံများ၏ သမိုင်းမှတ်တမ်းများတွင် ရှင်းလင်းပြတ်သားစွာ ထည့်သွင်း ရေးသားထားခြင်း ဖြစ်ကြောင်း၊ ယခုတွင် ၄င်းတို့သည် မသိဟန်ဆောင်နေကြ ကြောင်း ပြောကြားခဲ့ပါသည်။