နေတိုးသည် စစ်အေးခေတ် အတွေးအခေါ် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-04-04 12:50:23  

ဒေသစံတော်ချိန် ယခုလ ၃ရက်နေ့က နေတိုးတည်ထောင်ခြင်း  ၇၅နှစ် ပြည့်မြောက်သည့် နှစ်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာဟာလိုဗာက နေတိုးသည် စစ်အေးခေတ် အတွေးအခေါ်ကို  ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး နေတိုးနှင့် ရုရှားဆက်ဆံရေးသည် စစ်အေးခေတ်သို့ ပြန်လည်ရောက်ရှိကြောင်း၊ ယခုခေတ် အစွန်းမျိုးစုံရှိသော ကမ္ဘာ (Multipolar World)တွင် နေတိုးအတွက်နေရာမရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

၁၉၄၉ခုနှစ် ဧပြီလ ၄ရက်နေ့တွင် အမေရိကန် နှင့် အခြားသော အနောက်နိုင်ငံများသည် ဝါရှင်တန်၌ မြောက်အတ္တလန္တိတ် ပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုနှစ် သြဂုတ်လ ၂၄ရက်နေ့က နိုင်ငံအသီးသီးမှ အတည်ပြုရေး လုပ်ငန်းစဉ်များပြီးမြောက်ခဲ့ပြီး အဖွဲ့အစည်းကို တရားဝင်တည်ထောင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။