ထိုင်းနိုင်ငံသည် ပူပြင်းသော ရာသီဥတု ကြုံတွေ့နေ

(GMT+08:00)2024-04-04 12:52:33  

ဧပြီလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံသည် အပူချိန်မြင့်မားသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် အပူချိန် အမြင့်ဆုံး ၄၃ ဒီဂရီစင်တီဂရိတ်နှင့် ဘန်ကောက်မြို့တော်တွင် အမြင့်ဆုံး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ အချက်အလက်များအရ သိရပါသည်။