ရှီကျင့်ဖိန်သည် စေတနာအလျောက် မြို့တော်သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွင် ပါဝင်ရာ၌ လူသားတစ်ရပ်လုံးအနေနှင့် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပသော တရုတ်နိုင်ငံ အတူ တည်ဆောက်ကြရမည်ဟု အလေးထားပြောကြား

(GMT+08:00)2024-04-04 12:45:17  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃ ရက်နေ့ နံနက်ပိုင်းက စေတနာအလျောက် မြို့တော်သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ၌ Qingming ပွဲတော် အတောအတွင်းသည် သစ်ပင်စိုက်ပျိုးရန် အချိန်အခါကောင်းဖြစ်ကြောင်း၊ ယနေ့ ကျွန်တော်တို့ အတူတူသစ်ပင်စိုက်ပျိုးခြင်းသည် သစ်ပင်စိုက်ပျိုးရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရန်၊ သာယာလှပသော တရုတ်နိုင်ငံတည်ဆောက်ရေးတွင် စိမ်းလန်း စိုပြေမှုထည့်ဝင်ကြရန်၊ လူသားနှင့် သဘာဝအကြား သဟဇာတရှိရှိ ယှဉ်တွဲနေထိုင်သည့် တရုတ်ပုံစံ ခေတ်မီရေးအခန်းကဏ္ဍသစ်ကို လက်တွဲရေးစပ်ကြရန် နှိုးဆော်တိုက်တွန်းခြင်း ဖြစ်ကြောင်းအလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။