လွန်ခဲ့သည့်နှစ်စက်တင်ဘာလက ထုတ်လုပ်ခဲ့သော Kobayashi Pharmaceutical ၏ Monascus ကုန်ကြမ်းနမူနာတွင် “ပင်နီဆီလင်အက်ဆစ်” အမြင့်ဆုံးပါဝင်မှုရှိသည်ဟု ဂျပန်မီဒီယာ ဖော်ပြ

(GMT+08:00)2024-04-04 12:49:39  

ဧပြီလ ၄ ရက်နေ့ထုတ် Asahi Shimbun သတင်းအရ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ကောင်စီသို့ မတ်လ ၂၈ ရက်နေ့က ကိုဘာယာရှီ ဆေးဝါးကုမ္ပဏီမှ တင်သွင်းသည့် အချက်အလက်များအရ လွန်ခဲ့သည့်နှစ်စက်တင်ဘာလက Kobayashi Pharmaceuticalမှ ထုတ်လုပ်ခဲ့သော Monascus ကုန်ကြမ်းနမူနာတွင် “ပင်နီဆီလင်အက်ဆစ်” အမြင့်ဆုံးပါဝင်မှုရှိကြောင်း တွေ့ရှိရသည်ဟုသိရပါသည်။ ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများက ပြင်ပမှ မှိုပါဝင်ခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးလျက်ရှိပါသည်။