အစ္စရေးသည် လေကြောင်းရန် ကာကွယ်ရေးအင်အားမြှင့်တင်ရန် အရန်တပ်သားစုဆောင်း ရန် ဆုံးဖြတ်လိုက်

(GMT+08:00)2024-04-04 12:53:32  

အစ္စရေးစစ်တပ်သည် ၎င်း၏လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အတွက် အရန်တပ်သားများကို စုဆောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၃ ရက်နေ့တွင် ကြေညာ ခဲ့သည်။ အစ္စရေးစစ်တပ်၏ အဆိုပါ လုပ်ဆောင်ချက်သည် အီရန်နိုင်ငံမှ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။ ဆီးရီးယားဆိုင်ရာ အီရန်သံရုံး ကို မကြာသေးမီက တိုက်ခိုက်ခံခဲ့ရပြီးနောက် အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံမှ ဆောင်ရွက် နိုင်ဖွယ်ရှိသော တုံ့ပြန်မှုအပေါ် အလွန်သတိထားနေခဲ့သည်။

    အစ္စရေးနှင့်လက်ဘနွန် နယ်စပ်တွင် စစ်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် မြောက်ပိုင်းရှိ မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီများအား ဘက်ထရီ၊ ဂျင်နရေတာနှင့် ဓာတ်အားထုတ်လုပ် ရေး စွမ်းအင်များ ကြိုတင်ပြင်ဆင်ထားရန် တောင်းဆိုပြီဖြစ်ကြောင်း  အစ္စရေးဆက်သွယ်ရေး ဝန်ကြီးဌာနက ၃ ရက်နေ့မှာ ကြေညာခဲ့သည်။