တောင်ပင်လယ် ကျွန်းစုများ၏ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံ ပိုင်ဆိုင်သည်ဟု ဗြိတိန် ဥပဒေပညာရှင်က ဆယ်နှစ်ကျော်ကြာ စာအုပ်တစ်အုပ်ရေးပြီး အသေးစိတ်ရှင်းလင်းဖော်ပြ

(GMT+08:00)2024-04-04 12:55:39  

ယခုတလော “တောင်ပင်လယ်၏သမိုင်းနှင့်အချုပ်အခြာအာဏာ”စာအုပ် ရေးသားသူ Anthony Carty က တောင်ပင်လယ် ကျွန်းစုများသည် ရှေးခေတ်ကတည်းက တရုတ်နိုင်ငံ၏ ခွဲမရသော ပိုင်နက်နယ်မြေဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တောင်ပင်လယ် ကျွန်းစုများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ရေးအပေါ် သမိုင်းနှင့်ဥပဒေဆိုင်ရာ အပြည့်အဝအခြေခံ ရှိကြောင်း ပြောကြားခဲ့ပါသည်။