အီရန်အရှေ့တောင်ပိုင်းနေရာနှစ်ခုရှိ စစ်ဌာနချုပ်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အီရန်တပ်သား ၃ဦးသေဆုံး

(GMT+08:00)2024-04-04 12:56:54  

ဒေသစံတော်ချိန် ဧပြီလ ၄ရက်နေ့ နံနက်စောစောပိုင်းတွင် အီရန်အရှေ့တောင်ပိုင်း Sistan and Baluchestanပြည်နယ် လုံခြုံရေးဆိုင်ရာ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်းပြည်နယ်၏ Raskမြို့ နှင့် Chabaharမြို့မှ စစ်ဌာနချုပ်များသည် အကြမ်းဖက် တိုက်ခိုက်မှု ခံရကြောင်း၊ “Jaish al-Zulm” အကြမ်းဖက်အဖွဲ့ သည် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

အီရန်ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေးရာဆိုင်ရာ ဒုဝန်ကြီးက လက်ရှိအချိန်တွင် အကြမ်းဖက်သမားများကို ဝိုင်းထားပြီး အခြေအနေ ထိန်းချုပ်နိုင်ကြောင်း၊ ယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီရန်တပ်သား ၃ဦးသေဆုံးကြောင်း ပြောကြားခဲ့ပါသည်။