Zaodu ရေကာတာပရောဂျက်တည်ဆောက်ရာတွင် အလုပ်များလျက်ရှိ

(GMT+08:00)2024-04-04 12:56:19  

ယခုတလော ချုံချင့်မြို့ရှိ Zaodu ရေကာတာတည်ဆောက်ရာနေရာ၌ စက်ယန္တရား ၆၀ကျော်၊ အလုပ်သမား ၂၀၀ကျော်သည် စနစ်တကျ အလုပ်လုပ်နေကြပါသည်။ ယင်း ရေကာတာသည် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး၊ ရေထောက်ပံ့ပေးရေး၊ ဆည်မြောင်းစသော နယ်ပယ်များတွင် အဓိကအသုံးဝင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ လျှပ်စစ် ဓါတ်အားပေးရေးစသောနယ်ပယ်များတွင်လည်း အသုံးဝင်နိုင်ပါသည်။