၂၀၂၄ခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံ၏ သင်္ဘော တည်ဆောက်ပြီးစီးမှုပမာဏမှာ Deadweight တန်ချိန် ၈.၂၆သန်း ရှိ

(GMT+08:00)2024-04-04 12:46:54  

၂၀၂၄ခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံ၏  သင်္ဘော တည်ဆောက်ပြီးစီးမှု ပမာဏမှာ Deadweight တန်ချိန် ၈.၂၆သန်း ရှိခဲ့ပြီး ၂၀၂၃ခုနှစ်အလားတူအချိန်ပိုင်းကထက် ၉၅.၄ရာခိုင်နှုန်း တိုးများလာခဲ့ကာ ၄င်းအနက် နိုင်ငံခြားသို့ တင်ပို့ရောင်းချမည့် သင်္ဘော များ၏ Deadweight တန်ချိန်သည် စုစုပေါင်း Deadweight တန်ချိန်၏ ၉၂.၅ရာခိုင်နှုန်း ပါရှိကြောင်း၊ လက်ခံရရှိသော သင်္ဘော အမှာစာသစ် ပမာဏမှာ Deadweight တန်ချိန် ၁၅.၂သန်း ရှိခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၆၄.၄ရာခိုင်နှုန်း တိုးများလာခဲ့ ကာ ၄င်းအနက် နိုင်ငံခြားသို့ တင်ပို့ရောင်းချမည့် သင်္ဘော များ၏ Deadweight တန်ချိန်သည် စုစုပေါင်း Deadweight တန်ချိန်၏ ၉၀.၇ရာခိုင်နှုန်း ပါရှိကြောင်း၊ ဖေဖော်ဝါရီလကုန် အထိ တရုတ်နိုင်ငံ၏ သင်္ဘော အမှာစာ ပမာဏမှာ Deadweight တန်ချိန် ၁၄၉.၁၉သန်း ရှိခဲ့ပြီး ၂၀၂၃ခုနှစ်အလားတူအချိန်ပိုင်းကထက် ၃၁.၃ရာခိုင်နှုန်း တိုးများလာခဲ့ကာ ၄င်းအနက် နိုင်ငံခြားသို့ တင်ပို့ရောင်းချမည့် သင်္ဘော များ၏ Deadweight တန်ချိန်သည် စုစုပေါင်း Deadweight တန်ချိန်၏ ၉၁.၈ ရာခိုင်နှုန်း ပါရှိကြောင်း တရုတ် သင်္ဘော တည်ဆောက်ရေးလုပ်ငန်းအသင်းမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။