ဝမ်ယိ သည် Saleumxay Kommasith နှင့် တွေ့ဆုံ

(GMT+08:00)2024-04-04 12:47:40  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဧပြီလ ၃ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် တွေ့ဆုံခဲ့ပါသည်။


    ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ တရုတ်လာအို နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် မဟာဗျူဟာ သဘောတူညီမှုများကိုအကောင်အထည်ဖော်ပြီး တရုတ်-လာအိုကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသည့် လက်တွေ့ကျသော အောင်မြင်မှုများ ရရှိရန်၊ လာအိုနိုင်ငံအား အာဆီယံအလှည့်ကျသဘာပတိနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ဖို့ အစွမ်းကုန် ထောက်ခံပြီး တရုတ်-အာဆီယံကံကြမ္မာတူအသိုက်အဝန်း၏ အနှစ်သာရကို ပိုမိုကြွယ်ဝလာစေကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုလုံး အခြေအနေကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    Saleumxay Kommasith က တရုတ်နိုင်ငံသည် အရည်အသွေးသစ် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်အသွင်ပုံစံခေတ်မီရေး မြှင့်တင်ရေးဖြင့် ပိုမိုစည်ပင် ဝပြောလာပြီး အင်အားတောင့်တင်းလာမည်ဟု ယုံကြည်ပါကြောင်း၊ လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လာအို-တရုတ်ကံကြမ္မာတူအသိုက်အဝန်း လုပ်ဆောင်ချက်စီမံကိန်း ဗားရှင်းအသစ်ကို အကောင်အထည်ဖော်ပြီး လာအို-တရုတ်မီးရထားလမ်း ပိုမိုကြီးမားသော စီးပွားရေးအကျိုးသက်ရောက်မှုရရှိဖို့ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ဦးနှစ်ဘက်တို့သည်လည်း တောင်ပင်လယ်စသည့်ပြဿနာများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။