ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း မီးရထားသယ်ယူပို့ဆောင်ရေး ယနေ့မှစတင်ပြီး ခရီးသည် ၇၅ သန်းကို ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထား

(GMT+08:00)2024-04-03 13:55:39  

  ၅ ရက်ကြာ ချင်းမင်ပွဲတော် အားလပ်ရက် မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ယနေ့ ၃ ရက်နေ့က စတင်ခဲ့ပြီး ၇ရက်နေ့ အထိ တစ်ပြည်လုံးတွင် ခရီးသည်၇၅ သန်းကို ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တစ်နေ့ ပျမ်းမျှ ခရီးသည် ၁၅ သန်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဧပြီလ ၄ ရက်နေ့သည် ခရီးသည် ပို့ဆောင်မှု အများဆုံးနေ့ဖြစ်ပြီး ထိုနေ့တွင် ခရီးသည် ၁၇.၅ သန်း ပို့ဆောင်နိုင်မည်ဖြစ် ကြောင်း ခန့်မှန်းထားသည်ဟု တရုတ်အမျိုးသား မီးရထား အုပ်စုမှ သတင်းအရ သိရပါသည်။