မြောက်ကိုရီးယားက အသံထက်မြန်သောပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခြင်းကို စမ်းသပ်ခဲ့သည်ဟု ကြေညာ

(GMT+08:00)2024-04-03 14:00:22  

မြောက်ကိုရီးယားဗဟိုသတင်းဌာနမှ ဧပြီလ ၃ရက်နေ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် ၂ရက်နေ့က ပုံစံသစ် အသံထက်မြန်သောပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ပစ်လွှတ်ပွဲကို မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်း ကွင်းဆင်းညွှန်ကြားခဲ့ကြောင်း သိရပါသည်။