ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး၏ စီးပွားရေးစုစုပေါင်းပမာဏမှာ ယွမ် ၁၄ ထရီလီယံကျော်ရှိပြီး အထွေထွေအင်အား အဆင့်အသစ်သို့ လှမ်းတက်

(GMT+08:00)2024-04-03 13:55:04  

ကွမ်တုန်းပြည်နယ် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီးဆိုင်ရာရုံးမှ သတင်းအရ ၂၀၂၃ ခုနှစ်တွင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး၏စီးပွားရေး စုစုပေါင်း ပမာဏမှာ ယွမ်  ၁၄ ထရီလီယံကျော်လွန်ခဲ့ပြီး နိုင်ငံမြေဧရိယာ၏ ၀.၆ရာခိုင်နှုန်းထက်နည်းသော ၎င်းမြေဧရိယာသည် နိုင်ငံစုစုပေါင်းစီးပွားရေးပမာဏ၏ ၉ ပုံ ၁ ပုံ ဖန်တီးခဲ့ကာ ၎င်း၏ အထွေထွေအင်အားသည် အဆင့်သစ်သို့လှမ်းတက်ခဲ့ကြောင်း သိရပါသည်။

ကွမ်တုန်းပြည်နယ် ကွမ်တုန်း-ဟောင်ကောင်-မကာအိုဒေသကြီးဆိုင်ရာရုံးမှ အမြဲတမ်းဒုတိယညွှန်ကြားရေးမှူး Zhu Wei က ၂၀၁၈ ခုနှစ်တွင် ဒေသကြီး၏ စုစုပေါင်း စီးပွားရေး ပမာဏမှာ ယွမ် ၁၀.၈ ထရီလီယံရှိပြီး ငါးနှစ်အတွင်း ယွမ် ၃.၂ ထရီလီယံ တိုးလာကြောင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ်မှစ၍ ကွမ်တုန်းပြည်နယ်သည် ကမ္ဘာ့အဆင့်မီဒေသကြီးနှင့် တိုးတက်မှုအကောင်းဆုံးသောဒေသကြီး တည်ဆောက်မှုအား အရှိန်မြှင့်ရန်အတွက် ဟောင်ကောင်၊ မကာအိုတို့နှင့် လက်တွဲဆောင်ရွက်ခဲ့ပြီး တည်ဆောက်မှုရလဒ်များ ထင်ရှားနေကြောင်း ပြောကြားခဲ့သည်။